ကဗျာ

Thursday, January 13, 2011

စည်း

ဘယ်အချိန်ကတည်းက ငါ့ရင်ကို ပေါက်ကွဲပျက်စီးစေဖို့ အားယူကိန်းအောင်းခဲ့သလဲ … … တစ်ကိုယ်စာပဲကျန်တော့တဲ့ လမ်းကျဉ်းလေးထဲမှာ နောက်ကျခြင်းခြေထောက်တစ်စုံနဲ့ ရပ်တန့်သွားရတဲ့ ရင်ခုန်သံတစ်ခုက လှမ်းမျှော်တမ်းတယုံပါပဲ … … ပူလောင်ရှုပ်ထွေးလွန်းနေတဲ့ လှိုင်းများက တဝုန်းဝုန်းနဲ့နှလုံးသားကိုဟပ်နေပြီ … … လူမှုရေးစည်းတွေ ဘောင်တွေက ရင်ထဲကချစ်ခြင်းကို သေမိန့်ပေးနိုင် သတဲ့လား … … ချစ်သောသူနဲ့ ကွေကွင်းရသော ဒုက္ခတွင်းနက်ထဲကနေ လရောင်ကို ခိုလှုံခွင့်တော့ ရှိပါရစေ … … နှောင်းသက်သက် ခေါင်းလောင်းသံတွေနဲ့သာ နှစ်ပါးသွားရတော့မယ့်အဖြစ်က ဆိုးရွားလှပေစွ … … သစ္စာစောင့်သိခြင်းဆိုတဲ့ ဟိုက်ဒရိုဂျင်ဗုံးလို ပေါက်ကွဲသံမျိုး နားစည်မှာ နေ့စဉ်အမျှ ပဲ့တက်ထပ်ကာ ပေါက်ကွဲမြဲ … … ဟိုး …. အဝေးက ချိုမြမြ ဆည်းလည်းသံလေးရေ … … … ငြိမ်းချမ်းမှုအပေါင်းနဲ့ ပြည့်စုံပါစေ …. ….

No comments:

Post a Comment