အိမ်ပြန်ချင်တယ်ဆိုတာကလည်း
မေမေ့ပါးပြင်ကို နမ်းချင်ရုံသက်သက်။
အိမ်မပြန်ဖြစ်တာကလည်း
ကိုယ့်ဒေါသနဲ့ကိုယ်၊
ကိုယ့်ကြောက်စိတ်နဲ့ကိုယ်။
မေ့ဖို့ခက်တဲ့ အကြောင်းအရာတွေ
တစ်မျိုးမျိုးပြီး တစ်မျိုး တိုး …. တိုးလာခဲ့သလို
နာကျင်မှုတွေက အချိုးညီမျှစွာများလာခဲ့။
ငိုချင်လို့ မျက်ရည်ကျတာကို
ရှက်စရာအဖြစ် မသတ်မှတ်တော့ဘဲ
အပူရုပ်ကို ဟန်လုပ်ပြုံးတတ်ဖို့
နှလုံးသားထက်က အသားမာတွေကို
ဘယ်သူမှလည်း မမေးခဲ့ပါဘူး
မေးခဲ့လည်း မဖြေချင်ပါဘူး။
ည ဆိုတာ အိပ်ဖို့သက်သက်မဟုတ်မှန်း
သိခဲ့ပြီးနောက်မှာတော့
အိပ်ပျော်အောင်ကြိုးစားရတယ်
အရုဏ်အလင်းစက်ကို မျှော်ရတယ်။
အဆိုးကိုပဲ မြင်တတ်နေပြီလားလို့
အခါခါပြန်မေးရင်း တစ်ကိုယ်ရည်စိုးထိတ်မှုကို
ဖော့ဖော့လေး ဖြေတွေးခြင်းမှာ
ငယ်စဉ်ဘဝသမိုင်းကြောင်းက
ခွက်ထိုးခွက်လန်ရယ်ရင်း
ပြစ်ပြစ်နှစ်နှစ် ရှုတ်ချလိုက်တယ်။
နေခိုင်
April 21, 2010
2:57 PM
No comments:
Post a Comment